မိမိ နဲ့ မိသားစု ရဲ့ ဘ၀ကဏ္ဍမျိုးစုံမှာ နစ်နာမှု၊ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကြိုတင်စဉ်းစား ကာကွယ် လုပ်ဆောင်ထားသင့်ပါတယ်။ ဘယ်လိုကဏ္ဍတွေလည်း ဆိုရင်-
(၁) ငွေကြေး
(၂) ပစ္စည်းဥစ္စာ
(၃) ဂုဏ်သိက္ခာ
(၄) ကျန်းမာရေး
(၅) ပညာရေး
(၆) အလုပ်အကိုင်
(၇) လူမှုရေး
(၈) အိမ်ထောင်ရေး တို့ဖြစ်ပါတယ်။
နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်သော အကြောင်းများ
(၁) လူပုဂ္ဂိုလ်များ (Man) (သူခိုး၊ ဓားပြ၊ လူလိမ်၊ မိမိအားမုန်းသူ၊ ရန်သူ၊ ပြိုင်ဖက်၊ မင်းစိုးရာဇာ၊ သူရူး၊ အခြား)
(၂) သဘာဝဘေးအန္တရာယ်များ (Disasters)(ရေ၊ မိုးခေါင်ရေရှားခြင်း၊ မီး၊ မုန်တိုင်း၊ ငလျင်၊ မြေပြိုခြင်း၊ သစ်ပင်စသည် ပြိုလဲကျခြင်း)
(၃) လူလုပ်ဘေးအန္တရာယ်များ (Accidents & Wars) (လျှပ်စစ်၊ မီး၊ ပြိုလဲကျခြင်း၊ ပေါက်ကွဲခြင်း၊ စစ်မက် စသည်)
(၄) ရောဂါဘယ၊ ကပ်ရောဂါ၊ ကူးစက်ရောဂါ (Diseases)
(၅) ငတ်မွတ်ခြင်းကပ် (Starvation)
(၆) စီးပွားပျက်ကပ် (Economic Crises) (စီးပွားရေးလုပ်ငန်းရှင်/မင်း တို့မှ စီးပွားရေး ကစားခြင်း၊ ပိတ်ဆို့ခြင်း၊ တားဆီးခြင်း စသည်၊ ငွေကြေး တရားမ၀င် ကြေငြာခြင်း)
(ကျွန်တော်တို့ ကြားဖူးနေကျ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းလျက်)
ဥပမာအားဖြင့် ငွေကြေးဆုံးရှုံးမှုတွေ မဖြစ်ရလေအောင်-
(၁) မီးခံသေတ္တာသုံးခြင်း၊ လုံခြုံစွာ သိမ်းဆည်းခြင်း
(၂) စိတ်ချရမည့်ဘဏ်တွင်အပ်နှံခြင်း
(၃) ရွှေဝယ်ထားခြင်း
(၄) အထောက်အထား၊ စာချုပ်စာတမ်း ခိုင်မာစွာ ထားရှိခြင်း
(၅) လောင်းကစား မပြုလုပ်ခြင်း
(၆) တစ်နေရာထဲတွင် ပုံအောမထားပဲ နေရာဖြန့်ခွဲ ထားရှိခြင်း (တစ်နေရာတွင် ဆုံးရှုံးလျင် ကျန်သောနေရာများတွင် ကျန်နေသေးသည်)
(၇) အာမခံ ထားရှိခြင်း
(၈) ယုံကြည်စိတ်ချရသူကိုသာ လွှဲအပ်ခြင်း
စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
1 comment:
Iron & Titanium Necklace Mens - Titsanium.com
Iron & where is titanium found Titanium Necklace Mens. In stainless steel with titanium headers a ford edge titanium 2021 brushed, non-sticky texture it gives an citizen eco drive titanium watch excellent titanium for sale balance of thickness and precision. Perfect for
Post a Comment