Thursday, April 14, 2011

ကျန်းမာကြံ့ခိုင်ခြင်း ဖြင့် အောင်မြင် ပျော်ရွှင် ချမ်းသာခြင်းဆီသို့

အောင်မြင် ပျော်ရွှင် ချမ်းသာတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ကျန်းမာ ကြံ့ခိုင်ပြီး အင်အားပြည့်ဝနေဖို့ လိုပါတယ်။ ကျန်းမာ ကြံ့ခိုင်နေရင်-
(၁) အလုပ်ကို အင်အားပြည့် လုပ်နိုင်မယ်။ လုပ်ချင်တာလေးတွေ လုပ်နိုင်မယ်။
(၂) ကျွန်တော်တို့ သွားလိုရာ သွားနိုင်မယ်။
(၃) ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ချမ်းသာစွာ ခံစားနိုင်မယ်။ စားချင်တာလေးတွေ စားနိုင်မယ်။ ကြည့်ချင်တာလေးတွေ ကြည့်နိုင်မယ်။ နားဆင်လိုတာတွေကို နားဆင်နိုင်မယ်။
(၄) မကျန်းမာခြင်း၊ အလုပ်မလုပ်နိုင်ခြင်း တို့ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေး လူမှုရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားပြီး ဖြစ်ပါမယ်။
(၅) မိမိရဲ့ မိသားစု၊ မိတ်ဆွေ အသိုင်းအ၀ိုင်းများအတွက်လည်း လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ကျန်းမာကြံ့ခိုင်ဖို့အတွက် စဉ်းစားဖို့အပိုင်းလေးတွေကတော့-
(၁) အစားအသောက်
(၂) အနေအထိုင်
(၃) အနားယူမှု
(၄) ကျန်းမာရေးကို ထိခိုက်စေသော အကျင့်စရိုက်များကို ရှောင်ရှားမှု
(၅) လေ့ကျင့်ခန်း
(၆) ဆေးဝါး

တို့ ဖြစ်ပါတယ်။

No comments:

Post a Comment